အိမ်တွေမှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို ပြန်ရောင်းချင်တဲ့အခါမှာ စွန့်ပစ် ပစ္စည်းတွေ ဝယ်တဲ့သူကို ကိုယ်တိုင်ရှာစရာမလိုဘဲ မိုဘိုင်းလ်ဖုန်းကနေတဆင့် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ရောင်းချလိုတဲ့သူနဲ့ ဝယ်ယူသူ ကြားထဲမှာ ချိတ်ဆက်ပေးတာဖြစ်ပြီး GPS စနစ်ကို အသုံးပြုထားတာပါ။ မိုဘိုင်းလ်ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုရမယ့် အပလီကေးရှင်းတစ်ခုဖြစ် ပြီး ရောင်းချလိုသူနဲ့ ဝယ်ယူသူကို အချိန်တိုအတွင်း ချိတ်ဆက်ပေးနိုင်မယ်လို့ သိရပါတယ်။ “အဓိက ကိုယ့်အိမ်မှာ မလိုတော့တဲ့ ပစ္စည်းတွေ။ကို ပစ်ချင်တာပဲဖြစ်ဖြစ်၊ ရောင်းချင် တာပဲဖြစ်ဖြစ်၊ ဝယ်သူကို ကိုယ်တိုင်ရှာစရာမလိုဘဲ ဒီအက်ပ်ထဲကနေတဆင့် ချက်ချင်းရှာနိုင်မယ် ဝယ်မယ့်သူကလည်း ရောင်းမယ့်သူကို လိုက်ရှာစရာ မလိုတော့ဘဲ မြို့နယ်တွေ အလိုက်ခေါ်တဲ့သူက သူ့ရဲ့ဖုန်းမှာ ပေါ်လာမယ်” အဲဒီ Recycle Myanmar Application တည်ထောင်သူ ကိုပုညက ရှင်းပြပါတယ်။ မိမိအိမ်မှာ အသုံးမလိုတော့ဘဲ
အသေးစိတ်ကြည့်ရှုရန်