သတင်းများ

သတင်းများ

ပြန်လည်အသုံးပြု၍ရသည့် အမှိုက်များကို စွန့်ပစ်ရန် သို့မဟုတ် ရောင်းချရန်အတွက် ရောင်းချလိုသူနှင့် အမှိုက်လာသိမ်းသူတို့ကို တိုက်ရိုက်ချိတ်ဆက်ပေးမည့် မိုဘိုင်းလ်အပလီ ကေးရှင်းတစ်ခုကို ပြည်မြို့တွင် ယခု ဇွန်လဆန်းမှစတင်ကာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါ မိုဘိုင်းလ်အပလီကေးရှင်းတီထွင်သူ ကိုပုညထံမှ သိရသည်။ အိမ်တိုင်ရာရောက် အဆိုပါ မိုဘိုင်းလ်အပလီကေးရှင်းတွင် အသုံးမလိုတော့သော်လည်း ပြန်လည်အသုံးပြု ၍ရသော အမှိုက်များဖြစ်သည့် ဘူးခွံ၊ ပုလင်းခွံ၊ သတင်းစာ၊ ကတ်ထူစက္ကူ၊ ကော်တိုကော်စများ အစရှိသည့် အမှိုက်များကို ရောင်းချလိုသူက အပလီကေးရှင်းအသုံးပြု၍ ဖုန်းခေါ်ဆိုလျှင် အဆိုပါ ပစ္စည်းများကို ဝယ်ယူသည့် အမှိုက်သိမ်းသူများထံ မက်ဆေ့ချ်ရောက်ရှိပြီး အိမ်တိုင်ရာ ရောက်လာရောက်သိမ်းဆည်းပေးသည့်စနစ်ဖြစ်ကြောင်း သိရသည်။ ‘အခုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ အမှိုက်ရှင်းတဲ့ နည်းပညာကွန်ရက်တစ်ခု တည် ဆောက်ချင်လို့ဖြစ်ပါတယ်။ လူတွေက နေ့စဉ် အမှိုက်တန်ချိန်ပေါင်းများစွာ ထုတ်လွှတ်နေတယ်။ ဒီအမှိုက်တွေကို သိမ်းတဲ့

အသေးစိတ်ကြည့်ရှုရန်

အိမ်တွေမှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို ပြန်ရောင်းချင်တဲ့အခါမှာ စွန့်ပစ် ပစ္စည်းတွေ ဝယ်တဲ့သူကို ကိုယ်တိုင်ရှာစရာမလိုဘဲ မိုဘိုင်းလ်ဖုန်းကနေတဆင့် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ရောင်းချလိုတဲ့သူနဲ့ ဝယ်ယူသူ ကြားထဲမှာ ချိတ်ဆက်ပေးတာဖြစ်ပြီး GPS စနစ်ကို အသုံးပြုထားတာပါ။ မိုဘိုင်းလ်ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုရမယ့် အပလီကေးရှင်းတစ်ခုဖြစ် ပြီး ရောင်းချလိုသူနဲ့ ဝယ်ယူသူကို အချိန်တိုအတွင်း ချိတ်ဆက်ပေးနိုင်မယ်လို့ သိရပါတယ်။ “အဓိက ကိုယ့်အိမ်မှာ မလိုတော့တဲ့ ပစ္စည်းတွေ။ကို ပစ်ချင်တာပဲဖြစ်ဖြစ်၊ ရောင်းချင် တာပဲဖြစ်ဖြစ်၊ ဝယ်သူကို ကိုယ်တိုင်ရှာစရာမလိုဘဲ ဒီအက်ပ်ထဲကနေတဆင့် ချက်ချင်းရှာနိုင်မယ် ဝယ်မယ့်သူကလည်း ရောင်းမယ့်သူကို လိုက်ရှာစရာ မလိုတော့ဘဲ မြို့နယ်တွေ အလိုက်ခေါ်တဲ့သူက သူ့ရဲ့ဖုန်းမှာ ပေါ်လာမယ်” အဲဒီ Recycle Myanmar Application တည်ထောင်သူ ကိုပုညက ရှင်းပြပါတယ်။ မိမိအိမ်မှာ အသုံးမလိုတော့ဘဲ

အသေးစိတ်ကြည့်ရှုရန်

စွန့်ပစ်ပစ္စည်း ရောင်းဝယ်လုပ်ကိုင်နေသူတွေအတွက် မိုဘိုင်းအက်ပလီကေးရှင်းကနေ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ Recycle Myanmar ဆိုတဲ့ အက်ပလီကေးရှင်းကို ရေးဆွဲထားပြီး အခု ပြည်မြို့မှာ စတင်စမ်းသပ်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ စွန့်ပစ်အမှိုက်ဝယ်ယူသူတွေဆီကို အချက်အလက် ပေးပို့ဆက်သွယ်ရောင်းချနိုင်သ လို ဝယ်ယူသူအနေနဲ့ကလည်း လမ်းတကာလှည့် အော်ဝယ်ရတာမျိုးမဟုတ်ဘဲ အက်ပလီကေးရှင်းကနေ ချိတ်ဆက်နိုင်မှာဖြစ်တဲ့အတွက် နှစ်ဖက်အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ အဲဒီ အက်ပလီကေးရှင်းကို ကိုပုညဆိုတဲ့လူငယ်တစ်ဦးက ရေးဆွဲခဲ့တာဖြစ်ပြီး ပိုင့်လော့ပရောဂျက်အနေနဲ့ စမ်းသပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ “အရင်တုန်းကဆို ဒီစက္ကူတွေ သွား သွားရောင်းနေရတာ။ အခုကတော့ ဒီအက်ပလီကေးရှင်းနဲ့ လှမ်းရောင်းလိုက်တဲ့အချိန်မှာ သူတို့လာယူတော့ ကျနော်တို့သွားရောင်းစရာ မလိုတော့ဘူး။ အဆင်ပြေတာပေါ့။” လို့ မိတ္တူနဲ့စာအုပ်ချုပ်လုပ်ငန်းက ကိုစုပိုင်က ပြောပါတယ်။ အိမ်တွင်းအမှိုက်တွေဖြစ်တဲ့ သတင်းစာ၊ ဂျာနယ်၊ ပုလင်းခွံ၊ အချိုရည်ဘူးခွံ စတဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေ ရောင်းလို၊ ဝယ်လိုသူတွေ

အသေးစိတ်ကြည့်ရှုရန်

Subscribe to our Newsletter!

Sign up to receive environmental news and updates!