-
စဉ်ဆက်မပြတ် ရေရှည်အကျိုးပြုစီးပွားရေး
အမှိုက်တွေလျော့ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ဖို့ ကျွန်တော်တို့ရည်ရွယ်ပါတယ်။
ဒီနေ့ခေတ် တကြောင်းတည်းသွား စီးပွားရေးပုံစံဖြစ်တဲ့ ယူမယ် - ထုတ်လုပ်မယ် - စွန့်ပစ်မယ် ဆိုတာ ရေရှည်မတည်တံ့ပါဘူး။ ကျွန်တော်တို့ ထုတ်လုပ်တဲ့နည်းလမ်းတွေ၊ သုံးစွဲပုံတွေ၊ နေထိုင်စားသောက်ပုံတွေကို စဉ်ဆက်မပြတ် ရေရှည်တည်တံ့တဲ့ပုံစံအဖြစ် ပြောင်းလဲရပါမယ်။ နည်းပညာဟာ ဒီနေရာမှာ ဦးဆောင်တဲ့အခန်းက ပါဝင်နေပါတယ်။ အရင်းအမြစ်တွေကို တဖန်ပြန်သုံးတဲ့ပုံစံမျိုး စွန့်ပစ်ပစ္စည်းတွေကနေ တန်ဖိုးရှိတဲ့အရာတွေဖြစ်အောင် ပြန်ထွင်သုံးတာ ပစ္စည်းကောင်းပြန်ထုတ်တာတွေ လုပ်ဆောင်ရပါမယ်။ အမှိုက်တွေကနေ ငွေအဖြစ်ပြောင်းလဲနိုင်တဲ့အခါ လုပ်ဆောင်သူတွေကြားမှာ အကျိုးအမြတ်များစေပါလိမ့်မယ်။
-
အတူတကွ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး
ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ကွန်ရက်စီးပွားရေးပုံစံဟာ အလွတ်တမ်း ပါဝင်သူတွေနဲ့
အလုပ်လုပ်လိုသူတွေ ချိတ်ဆက်ထားတဲ့ ကွန်ရက်ကို အခြေပြုပါတယ်။ကျွန်တော်တို့ရဲ့ ပလက်ဖောင်းဟာ သီးသန့်ဖြစ်နေတဲ့ ပြည်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ဖြစ်နိုင်ပါတယ်။ ဆိုတာကတော့ ပညာရေးအခြေခံအားနည်းသူ၊ အရည်အချင်းအားနည်းသူ၊ ကျွမ်းကျင်မှုအားနည်းသူတွေ ကျွန်တော်တို့ရဲ့ ကွန်ရက်မှာ ဝင်ရောက်ပါဝင်နိုင်ပါတယ်။ ပြီးတဲ့အခါ သူတို့နဲ့သက်ဆိုင်တဲ့ ရပ်ရွာဝန်းကျင်မှာ အမှိုက်သိမ်းသူ၊ အမှိုက်ဝယ်သူ တွေအဖြစ်နဲ့ အလုပ်အကိုင်တွေရရှိပါမယ်။
-
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း
ပြီးပြည်စုံတဲ့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မိုဘိုင်းဆော့ဝဲလ်များကို ထောက်ပံ့ပေးနေပါတယ်။
ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ဟာ အင်တာနက်နဲ့ မိုဘိုင်းဆက်သွယ်ရေးအခြေပြု ခေတ်မှီ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အခြေခံအဆောက်အအုံတစ်ခု ဖန်တီးပေးရန်ဖြစ်ပါတယ်။
Recycle Myanmar မှ ကြိုဆိုပါတယ်
မြန်မာပြည်မှာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို ဦးဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အကျိုးရှိဖို့ ကတိပြုပါတယ်။
Recycle Myanmar ဟာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနဲ့ စဉ်ဆက်မပြတ်ရေရှည်တည်တံ့တဲ့ စီးပွားရေးနယ်ပယ်တစ်ခုလုံးတွင် အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးသည့် ပလက်ဖောင်းတစ်ခုအဖြစ် ရှိနေပါတယ်။
ဝန်ဆောင်မှုများ
ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်းများနှင့် ကော်ပိုရေးရှင်းများအတွက် တိကျသော စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ အရည်အသွေး ထိန်းချုပ်မှုနှင့် ရေရှည်တည်တံ့ရေးအတွက် ကူညီပေးပါသည်။
ဗဟုသုတဖလှယ်ခြင်း
စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများကို မျှဝေပေးပါသည်။လူမှုပတ်ဝန်းကျင်တည်ဆောက်ခြင်း
အိမ်ထောင်စုများ၊ စွန့်ပစ်ပစ္စည်း သိမ်းဆည်းသူများနှင့် လုပ်ငန်းများ အနေဖြင့် စွန့်ပစ်ပစ္စည်းများကို ချိတ်ဆက်ရောင်းဝယ်နိုင်ရန် ရည်ရွယ်ပါသည်။နည်းပညာပံ့ပိုးပေးခြင်း
ချိတ်ဆက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် မိုဘိုင်းလ်ဆော့ဝဲလ်ကဲ့သို့ ခေတ်မီနည်းပညာများ ကူညီပံ့ပိုးပေးပါသည်။ထုတ်ကုန်များ
အမျိုးအစားစုံလင်သော ပလက်ဖောင်း စီးပွားရေးပုံစံကို ကျွန်တော်တို့ တည်ဆောက်ထားပါတယ်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတွင် ပက်သက်ဆက်နွယ်သူတွေကြားမှာ အားကောင်းတဲ့ အချိတ်အဆက်တွေကို ဖန်တီးပေးဖို့အတွက် B2C မိုဘိုင်းဆော့ဝလ်နဲ့ B2B အင်တာနက်ဝက်ဆိုက်ဆော့ဝ်လဲ များပဲဖြစ်ပါတယ်။ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ တစ်ဦးချင်း အနေဖြင့် အမှိုက်စုဆောင်းဝယ်ယူခြင်း၊ ရောင်းခြင်း၊ ဝယ်ခြင်း၊ ပြန်ထွင်ထုတ်လုပ်ခြင်း စသည်တို့ ပါဝင်နိုင်ပါတယ်။ သူတို့အချင်းချင်း အပြန်အလှန်ချိတ်ဆက်လုပ်ဆောင်ရာတွင် ပိုမို လွယ်ကူစွာနဲ့ သက်တောင့်သက်သာရှိစွာ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းများကို ကျွန်တော်တို့ ပလက်ဖောင်းက လုပ်ဆောင်ပေးပါလိမ့်မယ်။

နောက်ဆုံးရ ဆောင်းပါးများ
သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်းပါးများ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် ပြန်လည်အသံုးချရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားတင်ပြနေပါသည်။