ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

 

ပတ်ဝန်းကျင်ကို အတူတကွ ထိန်းသိမ်းကြပါစို့

မိတ်ဖက်များ

ရည်ရွယ်ချက်နှင့်တန်ဖိုးများ

 

အမှိုက်တွေလျော့ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ဖို့ ကျွန်တော်တို့ရည်ရွယ်ပါတယ်။

ကျွန်တော်တို့ ထုတ်လုပ်တဲ့နည်းလမ်းတွေ၊ သုံးစွဲပုံတွေ၊ နေထိုင်စားသောက်ပုံတွေကို စဉ်ဆက်မပြတ် ရေရှည်တည်တံ့တဲ့ပုံစံအဖြစ် ပြောင်းလဲရပါမယ်။ နည်းပညာဟာ ဒီနေရာမှာ ဦးဆောင်တဲ့အခန်းက ပါဝင်နေပါတယ်။ အရင်းအမြစ်တွေကို တဖန်ပြန်သုံးတဲ့ပုံစံမျိုး စွန့်ပစ်ပစ္စည်းတွေကနေ တန်ဖိုးရှိတဲ့အရာတွေဖြစ်အောင် ပြန်ထွင်သုံးတာ ပစ္စည်းကောင်းပြန်ထုတ်တာတွေ လုပ်ဆောင်ရပါမယ်။

 

ကုမ္ပဏီ သမိုင်းကြောင်း

Recycle Myanmar သည် အင်တာနက်နှင့် မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်ပေါ်မှာ အခြေခံ၍ ခေတ်သစ်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအတွက် ကြိုးစားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

 

၂၀၁၂

စေတနာ့ဝန်ထမ်း တစ်ယောက်

Recycle Myanmar တည်ထောင်သူ ကိုပုညဟာ ကရုဏာလက်များ ကွန်ရက်(ပြည်)လို့ခေါ်တဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုမှာ စေတနာ့ဝန်ထမ်း ခဲ့ပါတယ်။ ထိုအဖွဲ့ဟာ ကျောင်းမနေနိုင်တဲ့ကလေးငယ်တွေနဲ့ လမ်းပျော် ကလေးငယ်တွေကို ကူညီပေးတဲ့အဖွဲ့ဖြစ်ပါတယ်။
၂၀၁၃

လူမှုအကျိုးပြု ဆန်းသစ်တီထွင်မှု

အဖွဲ့အတွက် ရန်ပုံငွေ ရှာဖွေဖို့လိုအပ်လာတဲ့အခါမှာ သူဟာ “စွန့်ပစ်ပစ္စည်း အလှူခံပုံး” ကို တီထွင်ခဲ့ပါတယ်။ သူနဲ့ သူ့အဖွဲ့သားတွေဟာ ထိုပုံးတွေကို ပြည်မြို့အနှံ့မှာ ချထားခဲ့ပါတယ်။ ထိုပုံးတွေထဲက ပြန်ရောင်းလို့ရတဲ့ အမှိုက်တွေကို လိုက်သိမ်းတယ်၊ ပြီးတော ဒိုင်မှာ သွားရောင်းပြီး အဖွဲ့အတွက် ရန်ပုံငွေ ရှာခဲ့ပါတယ်။ ဒါဟာ အခြားအဖွဲ့တွေနဲ့ မတူတဲ့အချက်ပါပဲ။ ရလာဒ် အနေနဲ့ သူတို့ဟာ ကလေးငယ်တွေသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်စောင့်ရှောက်ခဲ့ပါတယ်။
၂၀၁၇

လူမှုအကျိုးပြု လုပ်ငန်းတည်ထောင်

သူဟာ သူ့ရဲ့လုပ်ရပ်တွေကို မြန်မာတပြည်လုံးအနှံ့ကျယ်ပြန့်လာစေလိုတဲ့ ဆန္ဒနဲ့ လူမှု အကျိုးပြုစီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ်။ အစပိုင်းမှာ အမှိုက်တွေ ပြန်ထွင်သုံးခြင်းကိုသာ အာရုံစိုက်ခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်ကို ရရှိပြီးတဲ့နောက်မှာတော့ အမှိုက်တွေ ပြန်ထွင်သုံးခြင်းသာမကပဲ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနဲ့ စဉ်ဆက်မပြတ် ရေရှည် အကျိုးပြုစီးပွားရေးကိုပါ ပြောင်းလဲလုပ်ဆောင်လာခဲ့ပါတယ်။
၂၀၁၉

Digital Platform အသုံးပြုခြင်း

သူဟာ အမှိုက်တွေ ပြန်ထွင်သုံးခြင်းနဲ့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် အသုံးပြုသူပြည်သူတွေနဲ့ အမှိုက်သိမ်းသူတွေအကြား အခွင့်အလမ်းသစ်တွေ ဖန်တီးပေးဖို့အတွက် ပလက်ဖောင်းတွေကို တည်ဆောက်ခဲ့ပါတယ်။ ရီဆိုင်ကယ်မြန်မာဟာ အမှိုက်နဲ့ပက်သက်ဆက်နွယ်သူအားလုံးအတွက် သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကနေတဆင့် ဆက်သွယ်လို့ရတဲ့ အချိတ်အဆက်တွေကို ထောက်ပံ့ပေးပါတယ်။ ဒါဟာ “အမှိုက်က ရွှေဖြစ်” တဲ့ ချဉ်းကပ်မှုကနေ စဉ်ဆက်မပြတ် ရေရှည်အကျိုးပြုစီးပွားရေးကို တွန်းအားကောင်းစေမှာပဲ ဖြစ်ပါတယ်။
Lorem ipsum dolor sit amet, consectetuer. Proin gravida nibh vel velit auctor aliquet. Aenean sollicitudin, lorem quis bibendum auctor, nisi elit consequat ipsum, nec sagittis sem nibh id elit. Duis sed odio sit amet nibh vulputate cursus a sit amet mauris. Quisque rutrum. Aenean imperdiet. Etiam ultricies nisi vel augue.
ScrapCorp International
Andrew London ScrapCorp International
Lorem ipsum dolor sit amet, consectetuer. Proin gravida nibh vel velit auctor aliquet. Aenean sollicitudin, lorem quis bibendum auctor, nisi elit consequat ipsum, nec sagittis sem nibh id elit. Duis sed odio sit amet nibh vulputate cursus a sit amet mauris. Quisque rutrum. Aenean imperdiet. Etiam ultricies nisi vel augue.
Metal, Glass & Co.
Robert Jones Metal, Glass & Co.

ကျွန်ုပ်တို့၏ ခေါင်းဆောင်အဖွဲ့ဝင်များ

Pon Nya

Founder and CEO

Hnin Thet Htwe

Operation Director

Tin Aung Lin

Technical Consultant

Kaung Myat Moee Htoon

Designer

အရည်အသွေး ထောက်ခံချက်များ

သင့် အထောက်အထားအတွက် ကျွန်ုပ်တို့ရဲ့ စာရွက်စာတမ်းများကို ကျေးဇူးပြု၍ ဒီမှာရှာပါ။

ကျွန်ုပ်တို့ဝန်ဆောင်မှုကို စိတ်ဝင်စားပါသလား?

Subscribe to our Newsletter!

Sign up to receive environmental news and updates!