Environment Archives - Recycle Myanmar

Environment

Earth Hour ဆိုတာ ဘာလဲ။
ဘာ့ကြောင့်လုပ်ကြတာလဲ။
ဘယ်ကနေ ဘယ်လိုစပေါ်ပေါက်လာတာလဲ။ Earth Hour ကို ကျွန်တော်ကတော့ ကမ္ဘာမြေကြီးရဲ့လည်ပတ်နေခြင်း လို့ မြန်မာမှုပြုချင်ပါတယ်။ နာရီဆိုတာက လည်ပတ်ခြင်းသဘောတရားကိုဆောင်ပြီး အချိန်ကိုပြသပေးခြင်းဖြစ်သလို ကမ္ဘာမြေဆိုတာကလည်း ဂေဟစနစ်လည်ပတ်ခြင်းကနေ သူ့ကျောပြင်ပေါ်မှာနေထိုင်သူများအားလုံးဆီသို့ အသက်ရှင်ခြင်းကို ပေးနေတာဖြစ်ပါတယ်။ နာရီတစ်လုံးဟာ လည်ပတ်မှုရပ်တန့်သွားရင် ဘာမှသုံးလို့မရတော့ပါဘူး။ အဲ့ဒီလိုပါပဲ ကျွန်တော်တို့ လူသားတွေအပါအဝင် သက်ရှိအားလုံးမှီတင်းနေထိုင်နေရတဲ့ ကမ္ဘာမြေကြီးကများ သူ့ရဲ့ဂေဟစနစ်တွေပျက်ယွင်း ပြီး လည်ပတ်နေမှုရပ်တန့်သွားခဲ့ရင်။ ကျွန်တော်တို့့တွေ ဘာဖြစ်သွားနိုင်လဲ။ Earth Hour ဆိုတာ ကမ္ဘာ့အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလှုပ်ရှားမှု တစ်ခု ဖြစ်ပြီး လူတန်းစားမျိုးစုံပါဝင်နိုင်တဲ့ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ မိခင်ကမ္ဘာမြေကြီးရဲ့ အလှတရား၊ တန်ဖိုးကြီးမားမှု နဲ့ အသက်ရှင်သန်ရခြင်းမှာ ကမ္ဘာမြေရဲ့မရှိမဖြစ်အရေးပါမှုကို လူတိုင်းသိနားလည်စေဖို့ ပြသတဲ့ လှုပ်ရှားမှုတစ်ခုဆိုရင်လည်း မမှားပါဘူး။ Earth Hour ကို

read more

Subscribe to our Newsletter!

Sign up to receive environmental news and updates!